Published - Sun, 09 Oct 2022
ပထမဆုံးသင်ခန်းစာအနေကို Historical Imagery ဖြင့် စတင်ပါမည်။ Historical Imagery Tool သည် မှန်ကန်တဲ့ အခြေအနေမျိုးမှာ အသုံးပြုလျှင် လွန်စွာအသုံးတည့် တဲ့ Tool တစ်ခု ဖြစ်ပါသည်။ ၎င်းဟာ အချိန်နှင့်အမျှ မြေပြင်အနေအထား ပြောင်းလဲသွားမှု ကို လေ့လာနိုင်ပါတယ်။ ဥပမာ အနေဖြင့် ရန်ကုန်မြို့ မှာရှိတဲ့ Junction Square နှင့် Time City တည်ဆောက်သွားတဲ့ အဆင့်ဆင့်ကို Historical Imagery Tool အသုံးပြုပြီး လေ့လာကြည့်နိုင်ပါတယ်။
Historical Imagery က Tool Bar ထဲက အောက်ပါရုပ်ပုံပါ Tool ဖြစ်ပါတယ်။ Click ပြုလုပ်ပါက Screen ၏ ဝဲဘက်အပေါ်တွင် Timeline ကို ရွေးချယ်ပြီး ကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။
Junction Square ကို Google Earth တွင် ရှာဖွေရန် နှင့် နှစ်အလိုက်/လအလိုက် ပြောင်းလဲသွားပုံကို လေ့လာနိုင်ရန် အတွက်ဖြစ်ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့်
၀ဲဘက် အပေါ်ထောင့်ရှိ Search Box တွင် “Junction Square” ဟုစာရိုက်ပြီး ရှာဖွေပါ။ JS ကိုမြင်တွေ့ ရပြီဆိုလျှင် Tool Bar ရှိ “Show Historical Imagery” Tool ကိုရွေးချယ်ပြီးပါက ပုံတွင်ပြထားသည့်အတိုင်း Scroll Bar တစ်ခု ကို မြင်ရမည်ဖြစ်ပါသည်။ ၎င်း Scroll Bar ကို အသုံးပြီးပြီး နှစ်အလိုက်၊ လအလိုက်၊ နေ့အလိုက် မြေပြင်အနေအထား မပြောင်းလဲမှီ နှင့် ပြောင်းလဲပြီးပုံများ ကို ကြည့်ရှု့ နိုင်ပါသည်။
JS မှမဟုတ်ပဲ အခြားကိုယ်စိတ်ကြိုက်နေရာများအား ရှာဖွေပြီး Historical Imagery Tool ကိုအသုံးပြု၍ မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားပုံများကို ကြည့်ရှု့ ပြီး လေ့ကျင့်ကြည့်ပါ။
Placemark ဖန်တီးခြင်း
Placemark ကို Google Earth တွင်များစွာအသုံးပြုနိုင်ပြီး အဓိကအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော နေရာများကို မှတ်သားရာတွင် အသုံးပြုပါသည်။ ဥပမာအားဖြင့် အသုံးပြုသူ စိတ်ဝင်စားသော စီမံကိန်း နေရာပဲ ဖြစ်ဖြစ်၊ ဟိုတယ် (၁) လုံး၏ တည်နေရာပဲဖြစ်ဖြစ် မှတ်သားထား နိုင်ပါသည်။ ကိုယ်ပိုင်ဖန်တီးမှတ်သားထားသော Placemark မဟုတ်ပဲ၊ Google Earth တွင် ရှိပြီးသား Placemark တစ်ခုကို Click ပြုလုပ်ပါက ၎င်း Placemark ၏ အချက်အလက်များ၊ ပုံများ၊ ဖွင့်လှစ်ချိန်များ၊ ဗီဒီယိုဖြင့် ဖော်ပြချက်များ၊ လိပ်စာများ၊ Review များ အစရှိသည်ဖြင့် တွေ့ မြင်ရမှာ ပဲဖြစ်ပါသည်။
လုပ်ဆောင်ပုံအဆင့်ဆင့်
Search Box မှာ Junction Square ကိုရှာဖွေပါ။ Tool Bar ထဲမှ အောက်ဖော်ပြပါပုံပါအတိုင်း Add a Placemark ကိုရွေးချယ်ပါ။ ထို့နောက် New Placemark Window တစ်ခုပေါ်လာတာကို Fig 5 ပါအတိုင်းမြင်တွေ့ရမယ် ဖြစ်ပြီး ၎င်း Window မှာ သင့်ရဲ့ Placemark ရဲ့ အချက်အလက်များ ထည့်သွင်းရမှပဲ ဖြစ်ပါသည်။ Untitled Placemark အား သင်ကြိုက်နှစ်သက်ရာ နံမည်တစ်ခု ပြောင်း လဲရေးသားပါ။ ကျွန်တော်ကတော့ JS ရှေ့က ပန်းခြံလေးကို ထောက်ပြီး “Recreation Park” လို့ ရေးလိုက်ပါတယ်။
၎င်း Window ကို ခဏထားပြီး Window အပြင်ဖက် မှာ ပေါ်လာတဲ့ အဝါရောင် Pin အား Left Click ထောက်ပြီး မိမိလိုချင်သော နေရာသို့ ပြောင်းရွှေ့ပါ။ ကျွန်တော်ကတော့ ရေပန်းအပေါက်ရှိ တဲ့ လမ်းထောင့်ဘက်ကို ရွှေ့ လိုက်ပါတယ်။ ပြီးတော့ OK နှိပ်လိုက်ပါ။
အကယ်၍ သင်ဖန်တီးခဲ့တဲ့ Placemark ကို ပြန်လည်ပြုပြင်ချင်ပါက လုပ်ဆောင်နိုင်သော နည်းလမ်းများရှိပါတယ်။ မြေပုံမှာ ပေါ်နေတဲ့ ၎င်း Placemark ကို right-click ထောက်၍သော် လည်းကောင်း၊ Side Bar အတွင်းရှိ ၎င်း Placemark ကို right-click ထောက်၍သော်လည်းကောင်း ပြန်လည်ပြင်ဆင်နိုင်ပါသည်။ နံမည်ပဲ ချိန်းချင်ပါက right-click ထောက်၍ Rename ဖြင့် ပြောင်းလဲ နိုင်ပါသည်။ Placemark ကို နေရာချိန်းချင်ပါက Placemark Window ကို ဖော်ပြီးမှသာလျှင် ချိန်းနိုင်မည်ဖြစ်ပါသည်။ အကယ်၍ Placemark ၏ symbol ကို ပြောင်းလဲချင်ပါက Placemark Window ၏ ညာဘက်အပေါ်ထောင့် တွင်ရှိသော အဝါရောင် Pin Icon ကို ထောက်ပြီး Fig 6 ပါအတိုင်း ပြောင်းလဲနိုင်ပါသည်။
Pin Symbol ကို Default ပါဝင်သော Icon များပြောင်းလဲအသုံးပြုနိုင်ပြီး၊ Scale၊ Color ၊ Opacity များကို စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည်။ အကယ်၍ သင်သည် သင့်စိတ်ကြိုက် Icon ကို ရွေးချယ်ထည့်သွင်းလိုပါက “Add Custom Icon” ကိုရွေးချယ်ပြီး မိမိကွန်ပြူတာအတွင်းရှိ PNG ဖိုင်များကို ထည့်သွင်းနိုင်ပါသည်။
Placemark တခုအား ဖော်ပြချက် ရေးသားခြင်း
Edit Placemark Window ထဲမှ ရှိတဲ့ Description Tab အတွင်းမှာတော့ သင့်ရဲ့ Placemark နဲ့ ပတ်သက်တဲ့ စာသားများ၊ အသံများ၊ ဗီဒီယိုများ၊ ဓါတ်ပုံများ များကို ထည့်သွင်းနိုင်ပါတယ်။ Link များ၊ image URL များ နှင့် ကိုယ်ပိုင်ပုံများလဲ ထည့်သွင်းထားနိုင်ပါသည်။ ဒီထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို သင့် မြေပုံကို Navigate ပြုလုပ်စဉ် ၎င်း Placemark ကို click ပြုလုပ်ခြင်း အားဖြင့် ကြည့်ရှု့ နိုင်မှပဲ ဖြစ်ပါတယ်။ ဘေးနားက Style/Color Tab ထဲမှာတော့ Label နဲ့ Icon ကို Edit လုပ်နိုင်မှာပဲ ဖြစ်ပါသည်။
အခုဆိုရင်တော့ သင်ဟာ သင်အခုပဲ ဖန်တီးလိုက်တဲ့ Placemark ထဲကို အချက်အလက်အချို့ ထည့်သွင်းနိုင်ပြီပဲ ဖြစ်ပါတယ်။
ကိုယ်ပိုင်ဓါတ်ပုံများထည့်သွင်းခြင်း
အကယ်၍ သင့်သည် သင့် Placemark အတွက် Link ချိတ်စရာ Online Image မရှိဘူးဆိုပါက၊ သင့်၏ ကွန်ပြူတာထဲမှာရှိသော ကိုယ်ပိုင်ဓါတ်ပုံများကို ထည့်သွင်းနိုင်ပါသည်။ သင့်ဖန်တီးထားတဲ့ Placemark ရဲ့ Edit Placemark Window ကို ဖွင့်ပြီး Add Local Image ကို Click လုပ်ပါ။ သင့်ကွန်ပြူတာဖိုင်ထဲမှ ထည့်သွင်းလိုသော ဓါတ်ပုံကို select ပြီး OK ကို နှိပ်ပါ။
ကျွန်တော်ကတော့ ခုနဖန်တီးခဲ့တဲ့ Recreation Park Placemark ထဲကို ၎င်းနှင့်သက်ဆိုင်သော ပုံတစ်ပုံ ထည့်သွင်းလိုက်ပြီး၊ မြေပုံတွင် Placemark ကို Click လုပ်ပါက မိမိတင်ထားသော ဓါတ်ပုံနှင့်အတူ Fig 8 တွင်ဖော်ပြသည့်အတိုင်း မြင်ရမှာပဲ ဖြစ်ပါတယ်။
Menu Bar - Add Tab မှ ဓါတ်ပုံများထည့်သွင်းခြင်း
မြေပုံပေါ်တွင် ဓါတ်ပုံကို ထည့်သွင်းဖော်ပြလိုပါက အောက်တွင်ဖော်ပြထားသည့်အတိုင်း Menu Bar- Add Tab ထဲဝင်ပြီး Photo ကို ရွေးချယ်ပါ။ New Photo Overlay Window ပေါ်လာမှာ ဖြစ်ပါတယ်။ Browse မှ တဆင့် သင့်စိတ်ကြိုက် ဓါတ်ပုံကို ရွေးချယ်ထည့်သွင်းပါ။ ထိုနောက် navigation bar သို့မဟုတ် Keyboard/Mouse အသုံးပြု၍ သင်လိုချင်သော Eye-Altitude ကို ရွေးချယ်ပြီး OK ကို နှိပ်ပါ။ ကျန်တဲ့ Setting တွေကို Default အနေအထားဖြင့်သာ ထားပြီး ကျွမ်းကျင်သွားပါက လေ့ကျင့်ကြည့်ပါ။
Image Overlay ထည့်သွင်းခြင်း
မြေပုံပေါ်မှာ ဥပမာအားဖြင့် သင့်စီမံကိန်း ကို နေရာချထားကြည့်ချင်တယ်ဆိုရင်တော့ သင့် Project Top View ကို Google Earth ပေါ်မှာ Image ဖိုင်ဖြင့် Image Overlay ကို အသုံးပြုပြီး ထည့်သွင်းနိုင် ပါသည်။
အောက်ဖော်ပြထားသည့်အတိုင်း Add Menu > Image Overlay သို့ဝင်ရောက်ပြီး မိမိတင်လိုသော Image ကို ရွေးချယ်ထည့်သွင်းပြီး မြေပုံတွင် ပေါ်လာသော Image အကွက် အား Mouse သို့မဟုတ် Touchpad အသုံးပြုပြီး တည်နေရာရွှေ့ပြောင်းခြင်း၊ စကေးချုံ့ ခြင်း၊ ချဲ့ ခြင်း၊ Rotate ပြုလုပ်ခြင်းတို့ ကို အသုံးပြီးပြီး မိမိ ထည့်သွင်းလိုသော နေရာကို ရွေးချယ်ပါ။ စိတ်ကြိုက် ချိန်ညှိပြီးပါက OK ကို နှိပ်ပါ။
Polygon များရေးဆွဲခြင်း
Google Earth ရဲ့ အကောင်းဆုံး Feature တစ်ခု ဖြစ်တဲ့ Polygon Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြေနေရာ၏ ဧရိယာများ၊ Parameter များ အား အလွယ်တကူတိုင်းတာ ပုံထုတ်နိုင် ပါတယ်။
Tool Bar > Add Polygon ကိုရွေးချယ်ပါက Edit New Polygon Window ကျလာမှဖြစ်ပြီး၊ မြေပုံတွင် ပေါ်လာမည့် လေ့ထောင့်ပုံ Cursor ကို အသုံးပြုပြီး မြေပုံတွင် ကိုယ် တိုင်းတာလိုသော မြေနေရာ အနားသတ်လိုင်းအတိုင်း Polygon တစ်ခုကို ရေးဆွဲပါ။ ကျွန်တော်ကတော့ Junction Square ဧရိယာကို ဥပမာအနေဖြင့် တိုင်းတာမှာပဲ ဖြစ်ပါတယ်။ Polygon နံမည် တစ်ခုပေးပြီး Style/Color Tab တွင် Parameter Line Color, Opacity, Width အားလည်းကောင်း၊ Area Color ကို Opacity တို့ကို စိတ်ကြိုက် ပြင်ဆင်ကြည့်ပါ။ ပြီးပါက OK ကိုနှိပ်ပါ။
Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။
Measurement များတိုင်းကြည့်ခြင်း
သင့်ရေးဆွဲခဲ့သော Polygon များ၏ အတိုင်းအတာများကို ကြည့်ရှု့ ချင်ပါက Edit Polygon Window ကို ဖွင့်ပြီး Measurements Tab တွင် Parameter နှင့် Area များအတွက် Unit စုံစုံလင်လင် ဖြင့် ပြောင်းလဲကြည့်ရှု့ နိုင်မည် ဖြစ်ပါသည်။
အကယ်၍ သင်က ရေးဆွဲထားသော Polygon ကို Edit ပြုလုပ်ချင်ပါက Edit Polygon Window ကို ဖွင့်ထားရမည်ဖြစ်ပြီး မြေပုံပေါ်ရှိ Polygon အနားသတ်ရှိ အနီရောင် အစက်လေးများရှိသော ထောင့်များကို Cursor ထောက်ပြီး Drag ပြုလုပ်၍ စိတ်ကြိုက် ပြင်ဆင်နိုင်ပါသည်။ နောက်ထက် အမှတ်များ ထည့်သွင်းလိုပါက/နောက်ထက် ထောင့်များ ထည့်သွင်းလိုပါက ထည့်သွင်းလိုသော နေရာတွင် Click ပြုလုပ်ရုံသာ ဖြစ်ပြီး၊ ပိုနေသော/မလိုသော Point များ ဖျောက်ချင်ပါက ဖျက်လိုသော Point ပေါ်တွင် Right-Click ပြုလုပ်၍ ဖျက်နိုင်ပါသည်။
Google Earth တွင် လမ်းကြောင်း တစ်ခု ကို ရေးဆွဲနိုင်ပြီး၊ မိမိသွားမည် ခရီး၊ လမ်းလျှောက်ရမည့် အတိုင်းအတာများ စသည်တို့ ကို တိုင်းတာနိုင်ပါသည်။ Tool Bar ထဲမှ “Add Path” ကိုရွေးချယ် ပြီး မြေပုံပေါ်တွင် စိတ်ကြိုက်လမ်းကြောင်း တစ်ခုကို ဆွဲပါ။
ဥပမာအားဖြင့် အောက်ပုံတွင်ပြထားသည့်အတိုင်း Point A မှ Point B သို့ လမ်းကြောင်းတစ်ခု ဖြင့် ရေးဆွဲပြထားပါသည်။
Line Color, Add Link, Add web Image, Add Local Image အစရှိသည့် Tool များကို Placemark သင်ခန်းစာတွင် ပါဝင်သည့်အတိုင်း ထည့်သွင်းနိုင်ပါသည်။
Measurement Tab တွင် မိမိ ဖန်တီးထားသော Path လမ်းကြောင်း၏ အလျှားကို Unit စုံစုံလင် လင်ဖြင့် ကြည့်ရှု့ နိုင်ပါသည်။
Evaluation များတိုင်းတာခြင်း
မိမိဖန်တီးထားသော Path လမ်းကြောင်း၏ မြေမျက်နှာသွင်ပြင် အနိမ့်အမြင့် ကို Google Earth ပေါ်တွင် Show Elevation Profile ဖြင့် တိုင်းတာနိုင်ပါသည်။
မိမိဖန်တီးထားသော Path လမ်းကြောင်းပေါ် သို့ မဟုတ် Place Module အတွင်းရှိ ထို Path လမ်းကြောင်း ပေါ်တွင် Right Click ပြုလုပ်ပြီး Show Elevation Profile ကို Click ပါ။ Elevation Profile ကိုအောက်ပုံ ပါ Graph အတိုင်းမြင်တွေ့ ရမည်ဖြစ်ပြီး၊ ဆွဲထားသော လမ်းကြောင်းအလိုက် မြေမျက်နှာ အနိမ့်အမြင့်များကို ကြည့်ရှု့ နိုင်မှာ ဖြစ်ပါသည်။
Record a Tour
Google Earth ပေါ်တွင် မိမိ သွားရမည့် ခရီး သို့မဟုတ် လမ်းကြောင်း တစ်ခု ကို မြေပုံပေါ်တွင် ဖော် ပြသော Video များကို “Record a Tour” ကို အသုံးပြုပြီး မှတ်တမ်းတင်နိုင်ပါသည်။ ဒီ Function က ကိုယ်သွားမယ့်/သွားပြီးတဲ့ ခရီးလမ်းကြောင်းတွေ ကြည့်တာမျိုး ဖြစ်ဖြစ်၊ ခရီးသွားလုပ်ငန်းတွေ အနေဖြင့် မိမိတို့ စီစဉ်ထားတဲ့ ခရီးလမ်းကြောင်း၊ Tracking လမ်းကြောင်းတွေကို ပြောပြရာတွင် အသုံးတည့်နိုင်ပါသည်။
Tool Bar ရှိ Record a Tour ကို Click ပြုလုပ်ပါ။ မြေပုံ ရဲ့ ဝဲဘက်ထောင့် တွင် Record Bar ပေါ်လာပါမည်။ Video Record နှင့် Audio Record နှစ်ခုလုံးပြုလုပ်နိုင်ပါသည်။ Record ကို on ထားပြီးပါက မိမိစိတ်ကြိုက် Record ပြုလုပ်နိုင်ပြီး Record အား နောက်ထက် Click တစ်ချက်ဖြင့် Stop နိုင်ပြီး မိမိ Record လုပ်ထားသည်များကို ပြန်လည် ကြည့်ရှု့ နိုင် (သို့) Edit Tour Window တွင် နံမည်ပေးပြီး Save ပြုလုပ်နိုင်ပါသည်။
Show Sunlight Across Landscape
Google Earth တွင် နေညအချိန်ကို Show Sunlight across Landscape Tool ကို အသုံးပြုပြီး ပြောင်းလဲကြည့်ရှု့ နိုင်ပါသည်။
Switch Between Earth, Sky, and other Planets
Google Earth နောက်ထက် သဘောကျဖို့ ကောင်းတဲ့ Tool တစ်ခုက ကမ္ဘာမြေ အပြင် ကောင်းကင်ရှိ ကြယ်များ၊ မားစ်ဂြိုလ် နှင့် လ ကို “Switch Between Earth, Sky and other planet” Tool ကို အသုံးပြုပြီး ကြည့်ရှု့ နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Google Earth က Navigation Bar အသုံးပြုနည်းအတိုင်း ဖြစ်ပါသည်။ စမ်းပြီး လေ့ကျင့်ကြည့်ပါ။ လေ့လာကြည့်လို့ ရတာတွေ အများ ကြီးပါပဲ။
Ruler
Google Earth တွင် “Ruler” Tool ကို အသုံးပြုပြီး Line, Path, Polygon, Circle များ ၏ အတိုင်း အတာများကို အလွယ်တကူ တိုင်းတာနိုင်ပြီး 3D Path နှင့် 3D Polygon များ၏ အတိုင်းအတာများ ကို တိုင်းတာမည် ဆိုပါက Side Bar > Layer Module ရှိ “3D Building” ကို on ထားရမည် ဖြစ်ပါသည်။ Fig 17 တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ရှိ အီဖယ်တာဝါ ၏ သုံးဖက်မြင် ပုံရှိ ဘေးတိုက် အမြင့် အား တိုင်းတာပြထားပါသည်။ မိမိတိုင်းတာလိုသော အနားကို Add Path မှာအတိုင်း Click ထောက်ပြီး တိုင်းတာရုံပါပဲ။ Mouse အသုံးပြုပြီး မိမိတိုင်းလိုသော မြင်ကွင်းကို ချိန်ထားရပါမည်။
မြန်မာနိုင်ငံမှတော့ 3D Building များ သိပ်မရှိသေးပါဘူး၊ ဒါကြောင့် မြန်မာနိုင်ငံ က အဆောက်အဦး များကိုတော့ တိုင်းတာလို့ မရသေးပါဘူး။
GPS
အကယ်လို့ Garmin, Magellan, Wintec တို့လို GPS Device တွေထဲက Data တွေ သို့မဟုတ် ကိုယ် ကွန်ပြူတာထဲ က GPS ဒေတာတွေကို ထည့်သွင်းလိုပါက Menu Bar ရှိ Add > GPS ကို နှိပ်ပြီး Waypoint, Trucks, Routes စတာတွေကို Import လုပ်ပြီး output အဖြစ် KML ဖိုင်အဖြစ် ထုတ်နိုင်ပါသည်။
Google Earth မှာ လေယာဉ်မောင်းလို့ရပါတယ်။ Menu Bar ရှိ Tool > Enter Flight Stimulator ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ လေယာဉ် တစ်စီးကို ရွေး၊ Start Position ကို ရွေးပြီး Start Flight ကို နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ မြို့အပေါ်မှာ ပျံသန်းလိုက်ပါ။ Help ကိုနှိပ်ပြီး ဘယ်လို ပျံသန်းရတယ်ဆိုတာကို ကြည့်နိုင်ပါတယ်။
Google Earth တွင် မိမိပြုလုပ်ထားသော Screenshot, Current View နှင့် ဖန်တီးထားသော Placemark များ ကို Email အား kmz ဖိုင်ဖြင့် အီးမေလ်းပေးပို့ နိုင်ပါသည်။ Tool Bar ရှိ Email Tool ဖြင့် သော်လည်းကောင်း၊ Places Module ရှိ Placemark များကို Right Click> Email ဖြင့် သော်လည်းကောင်း၊ Placemark များကို Right Click > Save Place as ဖြင့် kmz ဖိုင်အား save ပြီး Email application တစ်ခုခု အသုံးပြုပြီး Email ပေးပို့ နိုင်ပါသည်။
Tool Bar ရှိ Print Tool ကို အသုံးပြုပြီး မိမိလိုချင်သော မြင်ကွင်းများကို ပုံထုတ်နိုင်ပါသည်။ Map Option တွင် Element, Styling များရွေးချယ်နိုင်ပြီး၊ Page Set up တွင် Print ထုတ်လိုသော စာရွက်ဆိုဒ်များ ရွေးချယ်နိုင်ပါသည်။ သို့မဟုတ် Save ပြုလုပ်နိုင်ပါသည်။
Map ပေါ်တွင် ပေါ်လာသော Title များ Edit ပြုလုပ်ခြင်း၊ Legend များ အား Edit လုပ်ခြင်းတို့ အား ပြုလုပ်နိုင်ပြီး စိတ်ကြိုက် ပြင်ဆင်ပြီးပါက Print သို့မဟုတ် Save PDF ပြုလုပ်နိုင်ပါသည်။
Save Image
Save Image Tool သည်လည်း Print Tool နှင့် အလားတူဖြစ်ပါသည်။ Map Option များရွေးချယ်ခြင်း၊ Resolution ရွေးချယ်ခြင်း (အများဆုံး ၄၈၀၀ x ၂၈၂၃ ထိ) တို့ ပြုလုပ်နိုင်ပြီး Save ပြုလုပ်နိုင်ပါသည်။
Google Earth သည် Google Map နှင့် ချိတ်ဆက်ထားပြီး Views in Google Maps Tool အသုံးပြုပြီး လက်ရှိ Current View ကို Google Map တွင် ကြည့်ရှု့ နိုင်ပါသည်။
Street View
Navigation Bar အတွင်းရှိ အောက်ဖော်ပြပါ လူပုံကို အသုံးပြုပြီး Google Street View ကို ကြည့်ရှ့ နိုင်ပါသည်။ ထိုလူပုံကို Click ဖိထားပါက မြေပုံပေါ်တွင် အပြာရောင် Spot များ သို့မဟုတ် လမ်းကြောင်းများ မြင်တွေ့ ရပါလိမ့်မည်။ ၎င်းနေရာများကို ထိုလူပုံအား Drag and Enter Street View ဆွဲချပြီး Street View ကို ကြည့်ရှု နိုင်ပါသည်။
Place Module အားစီမံခန့်ခွဲခြင်း
မိမိ၏ စီမံကိန်းတစ်ခု သို့ လုပ်ငန်းတစ်ခု သို့ ခေါင်းစဉ် တစ်ခုအောက်တွင် ပါဝင်သော မိမိပြုလုပ်ထား သော Placemark များ၊ Polygons၊ လမ်ကြောင်းများ Tool bar အားဖြင့် ပြုလုပ်ထားသော အမှတ် အသားများကို Side Bar > Place Module > My Places > right click > Folder ဖြင့် စုစည်း သိမ်းဆည်းထားနိုင်သလို ၎င်း Folder လိုက်အား .kmz ဖိုင်ဖြင့် သော်လည်းကောင်း၊ Email ပို့၍ သော်လည်းကောင်း မျှဝေခြင်းတို့ ကို ပြုလုပ်နိုင်ပြီး၊ ဖွဲ့ စည်းထားသော Folder ထဲသို့ ထည့်လိုသော အမှတ်အသားများကို Place Modules အတွင်း Drag ပြုလုပ်ပြီး ထည့်သွင်းထားနိုင်ပါသည်။ ၎င်း Folder သို့ အမှတ်အသား တစ်ခု အား ဘေးတွင် ပါဝင်သော စတုရန်းကွက် အားဖြင့် on/off ပြုလုပ်နိုင်ပါသည်။
Geospatial Data များအား များစွာသော Geospatial ဝက်ဆိုက်ဒ်များတွင် ရှာဖွေ ဒေါင်းလုဒ် ပြု လုပ်နိုင်ပါသည်။ မြန်မာနိုင်ငံနှင့် အချက်အလက်များကို ဥပမာအားဖြင့် Myanmar Information Management Unit (MIMU) လို ဝက်ဆိုဒ် များတွင် ရရှိနိုင်ပြီး ရရှိလာသော ဖိုင်များအား Google Earth တွင် File > Import တွင် ထည့်သွင်း ပြီး အသုံးပြုနိုင်ပါသည်။
Google Earth Wikipedia အကြောင်း လေ့လာချင်ပါက https://en.wikipedia.org/wiki/Google_Earth တွင် ဖတ်ရှု့ လေ့လာနိုင်ပါသည်။
ယခုသင်ခန်းစာ သည် Google Earth အသုံးပြုပုံ အခြေခံ ကို လေ့လာသိရှိစေရန် ရည်ရွယ်ပြီး၊ အထက်ပါ Website တွင် ကျွမ်းကျင်မှု ရှိစေရန် ဆက်လက်လေ့လာနိုင်ပါသည်။ လေ့လာသူ အားလုံး အသုံးတည့်ပါစေရန် မျှော်လင့်မိပါသည်။
Founder at Sayar Kyaung | Manage my days with Google Workspace | On the mission of developing an LMS.
Sun, 09 Oct 2022
Sun, 09 Oct 2022
Sun, 09 Oct 2022
Write a public review