Published - Sat, 08 Oct 2022
Google Meet ကို အသုံးမပြုမီ ပစ္စည်းကရိယာများ နှင့် Access များပြည့်စုံမှုရှိမရှိ စစ်ဆေးရမည်ဖြစ်သည်။
၁။ Google Account တစ်ခုရှိရပါမည်။
၂။ ကွန်ပြူတာ Operating System သည် macOS, Window, Chrome OS, Ubuntu တို့ ဖြစ်ရပါမည်။ Web Browser နဲ့ သုံးမယ်ဆိုရင် Chrome, Mozilla Firefox, Microsoft Edge နဲ့ Safari တို့မှာ သုံးလို့ရပါမည်။
၃။ ကွန်ပြူတာ သို့ ဖုန်း/Tablet မှ Selfie Camera နဲ့ Microphone များ စစ်ဆေးပါ။ Access များ Allow ဖြစ်မဖြစ်စစ်ဆေးပါ။
၄။ အသုံးပြုမည့် Device သည် အင်တာနက် ချိတ်ဆက်ထားရှိမရှိ စစ်ဆေးပါ။
ဒါဆိုရင်တော့ Google Meet အသုံးပြုနိုင်ပါပြီ။ ကဲစလိုက်ရအောင်
ဗီဒီယို Meeting တစ်ခုစတင်ရန် နည်းမျိုးစုံရှိပါသည်။
များတွင် Meet App ကို ရယူပါ။
Web Browser တွင် Video Meeting တစ်ခု စတင်ခြင်း
၁။ https://meet.google.com/ ကို Web Browser (Chrome, Mozilla Firefox, Safari, Edge, Bing, etc.) တစ်ခုတွင် ဝင်ရောက်ပါ။
၂။ Start a meeting တစ်ခုခုကို နှိပ်ပါ။
၃။ (Optional for G Suite User) Nickname တစ်ခုကို ဖန်တီးပြီး Continue ကို နှိပ်ပါ။
၄။ Join Now ကို နှိပ်ပါ။ (ဒီနေရာမှာ No Camera Found, No Mic Found စသည်တို့ တွေ့ရပါက သင့်ကွန်ပြူတာ ရှိ Camera သို့ Mic Driver များကို ကောင်းမကောင်းပြန်စစ်ပါ။)
၅။ အခြားတစ်ယောက်ကို Meeting ထဲသို့ ထည့်သွင်းလိုပါက Option တစ်ခုကိုရွေးချယ်ပါ။
မှတ်ချက် - Personal Google account နဲ့ Meeting ကို Create လုပ်မယ်ဆိုရင် meeting moderator ကသာလျှင် in call invite ကို ပေးပို့နိုင်မှာဖြစ်တယ်။
Video Meeting တစ်ခုကို အချိန်သတ်မှတ်စီစဉ်ခြင်း
Google Calendar အားဖြင့် အချိန်သတ်မှတ်စီစဉ်ခြင်း
Google Calendar အတွက် သင်ခန်းစာကို sayarkyaung.com မှာ ဒေါင်းယူပြီးသင်ကြားနိုင် ပါတယ်။ အချိန်သတ်မှတ် စီစဉ်ရလွယ်ပါတယ်။ Event တစ်ခုကို ဖန်တီးပါ ပြီးနောက် guest များကို ၎င်း event သို့ ထည့်သွင်းပါ သို့ Invite လုပ်ပါ။ Event အားအချိန်သတ်မှတ်မှုများ လုပ်ပါ၊ ပြီးနောက် Add conferencing ကို နှိပ်ခြင်းအားဖြင့် ၎င်းအချိန်တွင် Video Conferencing က အလိုအလျောက် စတင်လုပ်ဆောင်နေမည်ဖြစ်သည်။ ဤနည်းအားဖြင့် Google Calendar မှာ Meeting Conference တစ်ခုကို အချိန်သတ်မှတ်စီစဉ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။
မှတ်ချက်။ Guest တွေက နေတဆင့် အခြားသော သူများကို Meeting Link ကိုပေးပို့နိုင်ပါတယ်။ အကယ်၍ Personal Google Account နဲ့ Event ထောင်ပြီး အသုံးပြုပါက အခြားသော Participants များကို Meeting သို့လက်ခံရန်အတွက် Meeting Creator ကသာလျှင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။
အောက်ပါအဆင့်အတိုင်းဆောင်ရွက်ပါ-
၁။ https://calendar.google.com/ မှာ Event တစ်ခုကို တည်ဆောက်ပါ။ အချိန် ကို သတ်မှတ်ပါ။
၂။ Add guest ကို နှိပ်ပါ ပြီးနောက် ဖိတ်ခေါ်လိုသော သူ၏ အမည် သို့ အီးမေလ်းကို ထည့်ပါ။
၃။ Add Conference ကို နှိပ်ပါ။
၄။ Save ကို နှိပ်ပါ။
၅။ Send ကို နှိပ်ပြီး Guest များထံ ပေးပို့နိုင်ပါတယ်။
Gmail အားဖြင့် Meeting ကို အချိန်သတ်မှတ်စီစဉ်ခြင်း
၁။ https://mail.google.com/mail/u/0/ Gmail ကိုဖွင့်ပါ။
၂။ Sidebar ရှိ Start a meeting ကို နှိပ်ပါ။
၃။ Meet Window မှာ meeting တစ်ခုကို စတင်ဖို့ Option တစ်ခုကို ရွေးချယ်ပါ။
၄။ Meeting ထဲရောက်ပါက အခြားသူများကို ထည့်နိုင်ပါသည်။
Video Meeting တစ်ခုကို ချိတ်ဆက်ခြင်း
ချိတ်ဆက်ဖို့အတွက် နည်းလမ်းမျိုးစုံရှိပါသည်။
Google Calendar တွင်ချိတ်ဆက်ခြင်း
၁။ https://calendar.google.com/ သို့သွားပါ။ ပြီးနောက် သင်ချိတ်ဆက်လိုသော Event ကို နှိပ်ပါ။
၂။ Join with Google Meet ကိုနှိပ်ပါ။
၃။ ပွင့်လာသော Window မှာ Join Now ကို နှိပ်ပါ။
Meet တွင် ချိတ်ဆက်ခြင်း
Meet တွင် Scheduled Event တစ်ခုကို ရွေးချယ်နိုင်သလို Meeting Code သို့ Nickname ကို ထည့်ပြီး Meeting တစ်ခုကို စတင်ခြင်း သို့ ချိတ်ဆက်ခြင်းကို ဆောင်ရွက်နိုင်သည်။
Scheduled Event ကို ရွေးချယ်ခြင်း
၁။ ကွန်ပြူတာရှိ Web Browser တစ်ခုတွင် https://meet.google.com/ ကို ဝင်ရောက်ပါ။
၂။ သင်၏ Scheduled events List တွင်ရှိသော Meeting တစ်ခုကို ရွေးချယ်ပါ။ Google Calendar အားဖြင့် အချိန်သတ်မှတ်ထားသော Meeting များကို သာ Google Meet မှာ ဖော်ပြပေးမှာ ဖြစ်တယ်။
Meeting code သို့ Nickname ဖြင့် ချိတ်ဆက်ခြင်း
၁။ https://meet.google.com/ သို့ Web Browser တွင် ဝင်ရောက်ပါ။
၂။ Join or start a meeting ကို နှိပ်ပါ။
၃။ Meeting Code သို့ Nickname ကိုထည့်ပါ။
၄။ Continue ကို နှိပ်ပြီး Join now ကို နှိပ်ပါ။
URL link ဖြင့် Video Meeting တစ်ခုကို ချိတ်ဆက်ခြင်း
တစ်ခါတစ်လေမှာ Meeting တစ်ခုကို အချိန်သတ်မှတ်ဖို့ အတွက် အချိန်မရှိ ဖြစ်နေနိုင်ပါသည်။ Meet နဲ့ ဆိုရင် အခြားသူမှ သင့်ထံသို့ Text အားဖြင့် သို့ Email အားဖြင့် ပေးပို့သော meeting link ကို နှိပ်လိုက်ရုံနဲ့ Video Meeting တစ်ခုကို စတင်နိုင်မှာဖြစ်ပါတယ်။
၁။ Chat Message သို့ Email မှ ပေးပို့လာသော Meeting Link ကို နှိပ်ပါ။
၂။ Onscreen မှာ ပြလာသော အချက်ပြမှုများအတိုင်း လိုက်သွားလျှင် Meeting ကို ချိတ်ဆက်နိုင်ပါသည်။
Google Meet မစတင်မှီ နှင့် စတင်ပြီး တွင် လူများကို ထည့်နိုင်ပါသည်။ အကယ်၍ Gmail အားဖြင့် Meeting ကို ပြုလုပ်ပါက meeting စတင်ပြီးမှသာ လူများထည့်နိုင်ပါသည်။ Video meeting
Video Meeting ပြုလုပ်စဉ်လူများထည့်သွင်းခြင်း
ဆောင်ရွက်နေစဉ်မှာပင် လူများကို ထုတ်ခြင်းကိုလဲ ဆောင်ရွက်နိုင်ပါသည်။
Video Meeting ပြုလုပ်စေစဉ်မှာ လူများကို ထည့်သွင်းဖို့ အောက်ပါအတိုင်း ဆောင်ရွက်ပါ-
၁။ ညာလက်ရှိ People ကို နှိပ်ပါ။ Add people ကို နှိပ်ပါ။
၂။ ထည့်သွင်းလိုသော သူ၏ အမည် သို့ အီးမေလ်းလိပ်စာကို ထည့်သွင်းပါ Send Invite ကို နှိပ်ပါ။
နောက်တစ်နည်းကတော့
၁။ ဘယ်ဘက်အောက်ခြေထောင့်ရှိ Meeting name ကို နှိပ်ပါ။
၂။ Copy joining info ကို နှိပ်ပါ။
၃။ သင့်ပို့လိုသော သူထံသို့ ရောက်ရှိမည့် messenger, chat, text, email တစ်ခုခုကနေ့ paste လုပ်ပြီးပို့ပါ။
Video Meeting ပြုလုပ်စဉ်လူများထုတ်ခြင်း
မှတ်ချက် - တစုံတယောက်ကို Meeting မှ ဖယ်ရှားဖို့အတွက် သင်သည် Meeting organizer နှင့် organization တစ်ခုထဲမှာ ရှိနေမှရပါမည်။ အကယ်၍သင်က personal Gmail အကောင့်ဖြင့် အသုံးပြုပါက meeting moderator မှသာ Video Meeting အတွင်းမှာ ပါဝင်သူများကို ဖယ်ရှားနိုင်မှာဖြစ်တယ်။
၁။ ညာဘက်ရှိ People ကို နှိပ်ပါ။
၂။ ဖယ်လိုသော သူထံသို့ Point ထားပြီး Back Arrow ကို နှိပ်ပါ။
၃။ Remove ကို နှိပ်ပါ။
ဒါဆိုရင်တော့ Google Meet ကို အသုံးပြုပြီး Meeting တစ်ခုကို နေရာမရွေး၊ အချိန်မရွေး ဆောင်ရွက်နိုင်ပြီးဖြစ်တယ်။ နောက်မှာတော့ Video Meeting တစ်ခုထဲမှာ ရှိတဲ့ Tool တွေကို ဘယ်လိုအသုံးချမလဲ ဆိုတာကို သင်ကြားသွားမှာ ဖြစ်ပါတယ်။
Video Meeting များကို စိတ်ကြိုက်ပြုလုပ်ခြင်း
Google Meet က Active ဖြစ်တဲ့ Contents တွေနဲ့ ပါဝင်တဲ့သူတွေကို ဦးစားပေးပြီးတော့ Meeting Display Layout ကို အလိုအလျောက် ပြောင်းလဲပေးပါတယ်။ ကွန်ပြူတာမှာ အသုံးပြုပါက သင်ကြိုက်သလို Layout ကို ပြင်ဆင်နိုင်ပါသည်။
- Mouse ကိုရွှေ့ပေးခြင်းအားဖြင့် ပါဝင်သောသူများ၏ အမည်ကို ကြည့်နိုင်ပါသည်။
- Meeting စတင်ပြီးမှ နောက်ထပ်လူတစ်ယောက် ဝင်ရောက်လာပါက စကရင်၏ အောက်ခြေသို့ ၎င်းတို့ကို ထည့်သွင်းလိုက်မှာဖြစ်တယ်။
- Presentation ပြသချိန် မှာတော့ Presentation က အကွက်အကြီးဖြင့် ပြသမှာ ဖြစ်ပြီး Active အဖြစ်ဆုံးသူတွေကို စကရင်၏ ဘေးတွေမှာ ပြသထားမှာဖြစ်တယ်။
- Spotlight - ဆိုရင်တော့ Presentation တွေ၊ Active Speaker တွေ သို့ Pinned လုပ်ထားတဲ့ မြင်ကွင်းသည်သာ စကရင်တွင် အပြည့်နေရာယူထားမှာဖြစ်တယ်။
- Sidebar - မှာတော့ Active Speaker သို့ Presentation ကို ဘေးဘက်တွင် ပါဝင်သော သူများနှင့် တကွ မြင်တွေ့ရမှာဖြစ်တယ်။
Layout ပြောင်းလဲခြင်း
၁။ ကွန်ပြူတာမှာ Video Meeting တစ်ခုကို ချိတ်ဆက်ပါ။
၂။ အောက်ခြေညာဘက်မှာ ရှိတဲ့ More Change layout. ကို နှိပ်ပါ။
၃။ Change Layout အကွက်ထဲမှာ သင့်ကွန်ပြူတာမှာ မြင်ချင်တဲ့ Layout ကို ရွေးချယ်ပါ။
သိကောင်းစရာ - ပါဝင်တဲ့သူ၏ ရုပ်ပုံကို နှိပ်ပြီး စကရင်မှာ Pin လုပ်ထားလို့ရပါတယ်။
အောက်ပါသူတွေက Mute သို့ Remove လုပ်နိုင်ပါသည်-
Personal Gmail အကောင့်အသုံးပြုသူများအနေနဲ့တော့ Meeting လုပ်ပြီဆိုရင် Meeting Creator ကသာ Mute သို့ အခြားသော သူများကို Remove လုပ်နိုင်မှာဖြစ်တယ်။
ပါဝင်သူတစ်ဦးကို Pin လုပ်ခြင်း
ပါဝင်သူ၏ ရုပ်ပုံကို နှိပ်ပြီး Pin ကို နှိပ်ပါ။
ပါဝင်သူတစ်ဦးကိုဖယ်ရှားခြင်း
G Suite Account တစ်ခုမှ Meeting ကို ဖန်တီးပါက ၎င်း နှင့် Domain တူသော ပါဝင်သူတစ်ဦးမှ အခြားသော ပါဝင်သူတစ်ဦး ကို လိုအပ်ပါက ဖယ်ရှားနိုင်ပါသည်။
Personal Gmail Account တစ်ခုမှ Meeting ကို ဖန်တီးပါက Event Moderator မှသာလျှင် အခြားသော ပါဝင်သူကို ဖယ်ရှားနိုင်မှာဖြစ်တယ်။
Video Meeting ထဲရောက်ရှိပါက Back arrow point to the person, click Remove ကို နှိပ်ပြီး ဖယ်ရှားနိုင်သည်။
ပါဝင်သူများ၏ Microphone ကို အသံပိတ်ခြင်း
အကယ်၍ သင်က Video Meeting တစ်ခုမှာ အခြားသူဘက်က အပြင်ဆူညံသံများ ရှိလာလို့ ရှိရင် ၎င်းသူ၏ Microphone ကို အသံပိတ်နိုင်ပါတယ်။ Personal Gmail အားဖြင့် Meeting ပြုလုပ်ပါက Meeting Moderator မှာသာ အသံပိတ်ခြင်းကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။
အသံပိတ်လိုသူ၏ ပုံကို ဘေးရှိ Volume ကို ထောက်၍ Mute ကို နှိပ်ပါ။
အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိပါသေးသည်။ သင်အနေနဲ့ Meeting တစ်ခုဖန်တီးလိုက်တဲ့အခါ ဒီ Meeting က ဘာခေါင်းစဉ်နဲ့ လုပ်တာလဲဆိုတာကို ပြုလုပ်ထားခြင်းဖြင့် ပိုမိုလွယ်ကူစွာ အခြားသူများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်တယ်။
မှတ်ချက်။ အကယ်၍ သင်က Video Meeting ကို Record လုပ်နေပါက Caption များကို Record လုပ်မှာမဟုတ်ပဲ Recording ကို ပြန်ဖွင့်တဲ့အခါ ပါလာမှာမဟုတ်ပါ။
Meet Window ၏ အောက်ခြေတွင် ရှိသော Turn on captions or Turn off captions ကိုနှိပ်ပြီး ခေါင်းစဉ်တပ်ခြင်း ဖြုတ်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။
More ကိုအရင်နှိပ်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။
သိကောင်းစရာ - အကယ်၍ Caption များသည် သင်၏ Call controls များဖြင့် ဖုံးကွယ်နေပါက Meet Window ၏ တစ်နေရာရာကို နှိပ်ပြီး ၎င်းတို့ကို ဖျောက်နိုင်ပါသည်။
ဘယ်ဖက်အောက်ခြေမှာ Meeting Link, Dial-in Number, Agenda, Description, Attachment နှင့် တက်ရောက်သူစသည့် အချက်အလက်များ ကို ပြသဖို့အတွက် Meeting Name ကို ရွေးချယ်ပါ။
၁။ Meet Video Call တစ်ခုကို ချိတ်ဆက်ပါ။
၂။ ဝဲဘက်အောက်ထောင့်မှာ Meeting Name ကို နှိပ်ပါ။
Video Meeting တစ်ခုပြုလုပ်နေစဉ်မှာ ကွန်ပြူတာမှ သို့ မိုဘိုင်းဖုန်းမှ တဆင့် စာတိုများ ပေးပို့နိုင်သည်။
မှတ်ချက်။ စာတိုများသည် Video Call အတွင်းရှိ လူတိုင်းကနေ မြင်တွေ့ရမှာဖြစ်တယ်။ သင်မချိတ်ဆက်ခင် က အခြားသူများပေးပို့ထားသော စာများကို သင်မြင်တွေ့ရမှာ မဟုတ်သလို၊ Meeting ပြီးဆုံးသွားပါက ပေးပို့ထားကျသော စာတိုများအားလုံး ပျောက်သွားမှာဖြစ်ပါသည်။
၁။ Meet Video Call တစ်ခုကို ချိတ်ဆက်ပါ။
၂။ အပေါ်ညာထောင့်ရှိ Chat ကို နှိပ်ပါ။
၃။ စာတိုရိုက်ထည့်ပြီး Send ကို နှိပ်ပါ။
Video Meeting တစ်ခုမှာ Presentation လုပ်ခြင်း
သင်သည် သင်၏ စကရင်တစ်ခုလုံး သို့ သီးခြားသတ်မှတ်ထားသောနေရာ ကို အသုံးပြုပြီး Share Document, Presentation, Spreadsheet နှင့် အခြားသော အရာများကို Video Meeting လုပ်နေစဉ် မှာ တင်ပြနိုင်ပါသည်။
မှတ်ချက်။ Notification ကို Allow ခွင့်ပြုထားပါ။ သင့်စကရင် မြင်နိုင်ပြီဆိုလျှင် သင့်ကို Notification ပေးပို့မှာဖြစ်တယ်။
၁။ Video Meeting တစ်ခုကို ချိတ်ဆက်ပါ။
၂။ ညာဘက် အောက်ထောင့် ရှိ Present now ကို နှိပ်ပါ။
၃။ Your entire screen, A window, သို့ Chrome tab တစ်ခုကို ရွေးချယ်ပါ။
၄။ သင်မျှဝေလိုသော ဖိုင်ကို ရွေးချယ်ပါ။
၅။ Share ကို နှိပ်ပါ။
၆။ တစ်ယောက်က Present လုပ်နေစဉ် သင်က အစား present လုပ်ချင်ပါက Confirm လုပ်ပါ။
Presentation ကို ရပ်ဆိုင်းခြင်း
အခြားသူက Present လုပ်စဉ် Present လုပ်ခြင်း
၁။ညာဘက်အောက်ခြေရှိ Present now ကို နှိပ်ပါ။
၂။ Your entire screen သို့ A window ကို ရွေးချယ်ပါ။
၃။ Present instead ကို နှိပ်ပါ။
အကယ်၍ အခြားသူမှ ၎င်း၏ screen ကို present လုပ်နေပါက သင်၏ Presentation သည် အခြားသူများထံတွင် မြင်နေရဆဲဆိုတဲ့ အကြောင်းကို Notification လက်ခံရရှိမှာဖြစ်တယ်။ ၎င်း Notification မှာ သင်သည် သင့် Presentation ကို ရပ်မည် သို့ ဆက်သွားမည်ကို ရွေးချယ်နိုင်သည်။
Present လုပ်ရန်အတွက်သာ ချိတ်ဆက်ခြင်း
သင် Present လုပ်ဖို့ ချိတ်ဆက်တဲ့အခါ သင်ကွန်ပြူတာ Window သို့ Application ကိုသာ Meeting တွင် ပြသမှာဖြစ်တယ်။ အသံ နှင့် အခြားသော Video များကို ပေးပို့မှာမဟုတ်သလို လက်ခံရရှိမှာလဲ မဟုတ်ပါ။
၁။ https://meet.google.com/ ကိုသွားပါ။
၂။ အချိန်သတ်မှတ်ထားသော Scheduled Meeting ကိုရွေးချယ်ပါ။ သို့ Join or start a Meeting ကို နှိပ်ပါ။
၃။ Meeting Code တစ်ခုကို ထည့်ပါ။
၄။ Present ကို နှိပ်ပါ။
၅။ Window တစ်ခု သို့ Application တစ်ခုကို ရွေးချယ်ပါ။
၆။ Share ကို နှိပ်ပါ။
မှတ်ချက် - ဤ Feature သည် G-Suite Enterprise, G Suite Enterprise Essentials and G Suite Enterprise for Education edition အကောင့်များသာ သုံးလို့ရမှာဖြစ်တယ်။
ကွန်ပြူတာသုံး၍ သာ Meet ကို Record လုပ်နိုင်မှာဖြစ်တယ်။ Mobile app အသုံးပြုသူများ အနေနဲ့ Recording စတင်လျှင် နှင့် ရပ်လျှင် Notify လုပ်မှာဖြစ်တယ်။
၁။ Meet ကို ဖွင့်ပြီး Meeting တစ်ခုကို Start or Join လုပ်ပါ။
၂။ More > Record Meeting ကို နှိပ်ပါ။
၃။ Recording လုပ်ဖို့အတွက် စောင့်ပါ။အခြားသူများ က Recording စတင်လျှင် သို့ ရပ်လျှင် Notify လုပ်ခံရမှာဖြစ်တယ်။
၄။ More > Stop recording ကို နှိပ်ပြီး ရပ်နိုင်ပါသည်။
Meeting ထဲမှာ အားလုံး ထွက်သွားရင်လဲ Recording သည် ရပ်သွားမည်ဖြစ်သည်။
၅။ Stop recording ကို ထပ်နှိပ်၍ အတည်ပြုပါ။
၆။ Record File သည် Meeting Organizer ၏ My Drive > Meet Recording folder အတွင်းသို့ သိမ်းဆည်းသွားမည်ဖြစ်ပြီး Record ၏ Link ကို meeting organizer နှင့် Recording ကိုစတင်သော သူထံသို့ အီးမေလ်းအားဖြင့် လက်ခံရရှိမည်ဖြစ်သည်။
၎င်း Record File သို့ Link ကို မျှဝေလိုပါက Google Drive အသုံးပြုနည်းပါအတိုင်း ဆောင်ရွက်နိုင်််််ပါသည်။
G-Suite အကောင့်အသုံးပြုသူများသာ ဤ Feature ကိုအသုံးပြုနိုင်မှာဖြစ်တာကို ထပ်ပြောပါရစေ။ Google Meet က View Only live streaming ကို Event တစ်ခုအတွက် လူအယောက် ၁၀၀,၀၀၀ အထိ ဝင်ရောက်ကြည့်ရှု့နိုင်အောင် ပြုလုပ်နိုင်ပါသည်။
Live Stream တစ်ခုကို Set up လုပ်ခြင်း
၁။ https://calendar.google.com/ Google Calendar ကိုဖွင့်ပါ။
၂။ Create > More options ကို နှိပ်ပါ။
၃။ Event တစ်ခုကို ရက်၊ အချိန် နှင့် ဖော်ပြချက်အစရှိတဲ့ အချက်အလက်အပြည့်အစုံကို ထည့်သွင်းပြီး ပြုလုပ်ပါ။
၄။ Video Meeting တွင် ပါဝင်မည့် ပါဝင်သူများအားလုံးကို ထည့်သွင်းပါ။
၅။ Video Meeting ကို ထည့်လိုပါက Add conferencing > Hangouts Meet ကို နှိပ်ပါ။
၆။ Join Hangouts Meet ရဲ့ဘေးရှိ Down arrow > Add live stream ကို နှိပ်ပါ။
၇။ View Only guest တွေကို ဖိတ်ခေါ်ဖို့အတွက် Option တစ်ခုကို ရွေးချယ်ပါ။
၈။ Save ကို နှိပ်ပါ။
၉။ Streaming သည် အလိုအလျောက် မစတင်ပါ။ Meeting အတွင်းမှာ More > Start Streaming ကို နှိပ်မှာသာ စတင်မည်ဖြစ်သည်။
View-only guest များအတွက် Event အပိုတစ်ခု ပြုလုပ်ခြင်း
ကြည့်ရှု့ရုံသက်သက် လူများကို ဖိတ်ခေါ်လိုပါက View-only event တစ်ခုကို ပြုလုပ်ရမှာဖြစ်ပါ တယ်။ ထို Event သည် ၎င်းတို့၏ Calendar မှာ Add ထားလိုက်မှာဖြစ်ပြီး View-only guest အတွက် Link တစ်ခုပါပါဝင်မှာဖြစ်ပါတယ်။ လူအယောက် ၁၀၀,၀၀၀ အထိ View-only guest များကို ထည့်နိုင်ပါတယ်။
၁။ Google Calendar ကို ဖွင့်ပါ။
၂။ Live stream event ကိုတည်ဆောက်ပါ။ ပြီးနောက် Edit ကို နှိပ်ပါ။
၃။ အပေါ်မှာ ရှိတဲ့ More actions > Create View-only event ကို နှိပ်ပါ။
၄။ View-only access အတွက် Guest သို့ Rooms များကို ထည့်ပါ ပြီးနောက် ဖော်ပြချက် ကဲ့သို့သော အခြားသော အချက်အလက်များကို ထည့်ပါ။
၅။ Save > Send ကို နှိပ်ပါ။
Event တစ်ခုမှ Live stream တစ်ခုအား ဖယ်ရှားခြင်း
၁။ Google Calendar အားဖွင့်ပါ။
၂။ Live stream event > Edit ကို နှိပ်ပါ။
၃။ Join with Google Meet ရဲ့ဘေးရှိ Down Arrow > Remove live stream ကို နှိပ်ပါ။
၄။ Save ကို နှိပ်ပါ။
သိကောင်းစရာ - live streaming ကို ထည့်၍သော်လည်းကောင်း သို့ ဖယ်ရှားတဲ့အခါ Meeting Link က ပြောင်းလဲသွားမှာဖြစ်တယ်။ Updated Link ကို သင့် Guest များကို ပြန်လည် မျှဝေဖို့ သေချာပါစေ။
Live Stream တစ်ခုကို စခြင်း၊ ရပ်ခြင်း
၁။ Google Calendar ကို ဖွင့်ပြီး Meeting ကို ချိတ်ဆက်ပါ။
၂။ More > Start Streaming ကို ရွေးချယ်ပါ။
၃။ သင် Streaming ကို စတင်ဖို့ အတည်ပြုဖို့လိုပါတယ်။ Streaming စတင်တဲ့အခါ အပေါ်ဘယ် ဖက်မှာ “Live” ဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေမှာဖြစ်ပါတယ်။ View-only guest တွေက Stream URL ကို အသုံးပြုပြီး ကြည့်ရှု့နိုင်နေပါပြီ။
၄။ More > Stop Streaming ကိုရွေးချယ်ပါ။
၅။ Streaming ရပ်ဖို့ အတည်ပြုပါ။
Live-stream event တစ်ခုကို Record လုပ်ခြင်း
အပေါ်မှာ သင်ကြားပေးထားတဲ့ Video Meeting တစ်ခုကို Record လုပ်ခြင်း နှင့် အတူတူပင်ဖြစ်သည်။
Live-stream event တစ်ခုကို ကြည့်ရှု့ခြင်း
သိကောင်းစရာ - Live-stream link ကို အသုံးပြုနေတဲ့ သူတွေက Meeting ထဲမှာ ပါဝင်နေတဲ့ သူတွေရော၊ Live-stream ကို ဝင်ရောက်ကြည့်ရှု့နေသော အခြားသော သူများကိုပါ အပြန်အလှန် သက်ရောက်မှု ရှိစေတဲ့ သက်ရောက်မှုမျိုး ပြုလုပ်နိုင်မည် မဟုတ်ပဲ၊ ကြည့်ရှု့နိုင်ရုံသာ အသုံးပြုနိုင်မည် ဖြစ်သည်။
Live-stream ကို ကြည့်ရှု့ဖို့
Live stream ကြည့်ရှု့နေစဉ်မှာ သင်သည်
Founder at Sayar Kyaung | Manage my days with Google Workspace | On the mission of developing an LMS.
Sun, 09 Oct 2022
Sun, 09 Oct 2022
Sun, 09 Oct 2022
Write a public review