Published - Sun, 09 Oct 2022
ဂြိုလ်တုဓါတ်ပုံ (Satellite Imagery) တွေကို အဓိကအခြေခံထားပြီး ကမ္ဘာရဲ့ သုံးဖက်မြင် မော်ဒယ် ကို ဖော်ပြတဲ့ ကွန်ပြူတာ ဆော့ဝဲလ် တစ်ခု ဖြစ်ပါတယ်။ Satellite Images တွေ၊ Aerial photography တွေ၊ GIS Data တွေကို သုံးဖက်မြင်မော်ဒယ်ဖြစ်အောင် ပေါင်းစပ်ဖန်တီးထား ပြီး အသုံးပြုသူများကို မြို့တွေ၊ တောင်တန်းတွေ နဲ့ ရှု့ခင်းတွေကို ထောင့်မျိုးစုံမှ ကြည့်ရှု့ နိုင်အောင် ဖန်တီးထားတဲ့ Computer Software တစ်ခုဖြစ်ပါတယ်။
အသုံးပြုသူက ကိုယ်ရဲ့ ကွန်ပြူတာ၊ Laptop ဖြစ်စေ၊ ဖုန်း၊ Tablet နှင့် ဖြစ်စေ အသုံးပြုပြီး ကိုယ် ကြည့်လိုသော နေရာကို ကြည့်ရှု့ နိုင်သလို Search Box ထဲမှာ ကိုယ်ရှာလိုသော လိပ်စာကို ရိုက် ထည့်ပြီး ရှာဖွေနိုင်ပါတယ်။
အသုံးပြုသူက ကိုယ်ပိုင်မြေပုံ အချက်အလက်များကို Keyhole Markup Language (KML) ဖိုင်ဖြင့်၊ လည်းကောင်း၊ Keyhole Markup Language Zipped (KMZ) ဖိုင်ဖြင့် လည်းကောင်း Google Earth အတွင်းသို့ ထည့်သွင်းအသုံးပြုနိုင်သလို Google Earth အားဖြင့် ဖန်တီးထားတဲ့ KML, KMZ ဖိုင်များကို မိမိတို့ Blog များ၊ အခြား ကိုယ် Share လိုသော နေရာသို့ Share ပြီး အသုံးပြုနိုင် ပါသည်။
Operating System များဖြစ်တဲ့ Windows, macOS, Linux, Xbox One, Android, iOS တို့ မှာ သုံးစွဲနိုင်ပြီး၊ https://www.google.com/earth/index.html မှာ အခမဲ့ Download ပြုလုပ်ပြီး အသုံးပြုနိုင်ပြီး၊ Launch Earth in Chrome ဖြင့် လည်း Chrome ကဲ့သို့သော Browser များပေါ်တွင် အသုံးပြုနိုင်ပါသည်။
Application ကို ကွန်ပြူတာ သို့မဟုတ် Laptop မှာ Download ဆွဲ Install လုပ်ပြီးသုံးတာက အသုံးအတည့်ဆုံးမို့ ဒီနေရာမှာ Computer/Laptop ဖြင့် အသုံးပြုပုံကို ဦးစားပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။
Google Earth ကို Install ပြုလုပ်ခြင်း
Desktop သို့မဟုတ် Laptop နဲ့ အသုံးပြုမယ်ဆိုရင်တော့ https://www.google.com/earth/index.html သို့သွားပြီး Scroll Down လုပ်၍ Google Earth Pro on Desktop ကို ရွေးချယ်၍ သော်လည်းကောင်း၊ Mobile တွင် အသုံးပြုမယ် ဆိုရင်တော့ Google Earth on Mobile ကို ရွေးချယ်၍သော်လည်းကောင်း၊ Play Store သို့ Apple App Store တွင် Google Earth ဟု ရှာဖွေ၍ Install ပြုလုပ်၍ သော်လည်းကောင်း၊ Web တွင်သာ အသုံးပြုမယ်ဆိုရင်တော့ Launch Earth in Chrome ဖြင့် အသုံးပြုနိုင်မှာပဲ ဖြစ်ပါသည်။
Desktop/Laptop Version များကို Download ဆွဲထားသော .dmg ဖိုင်အား မိမိကွန်ပြူတာတွင် Install ပြုလုပ်ပြီး လွယ်ကူစွာအသုံးပြုနိုင်ပါသည်။
Google Earth Pro ကို ကွန်ပြူတာတွင် Install ပြုလုပ်ပြီး စတင်အသုံးပြုပါက အထက်ဖော်ပြပါ Figure 2 တွင်ပြထားသည့်အတိုင်း Google Earth Pro Interface ကို မြင်တွေ့ရမှာပဲ ဖြစ်ပါသည်။
Side Bar သည် Screen ၏ ဝဲဘက်တွင် ရှိမည် ဖြစ်ပြီး၊ မတူညီသော Modules အချို့ ဖြင့် ဖွဲ့စည်း ထားပါသည်။ ထိပ်ဆုံး Search Module အကွက်မှာတော့ လက်တီကျူ့၊ လောင်တီကျူ့ ဖြင့်သော် လည်းကောင်း၊ မြို့ နံမည်ဖြင့်သော်လည်းကောင်း၊ ပြည်နယ်၊တိုင်း နံမည်ဖြင့်သော်လည်းကောင်း၊ တည်နေရာနံမည်၊ လိပ်စာဖြင့်သော်လည်းကောင်း အစရှိသည်ဖြင့် သင်ရှာလိုသော တည်နေရာ ကို ရှာဖွေနိုင်ပါသည်။
အလယ်အကွက်မှာတော့ Place Module ရှိပြီး သင့်ရဲ့ Location Information များကို သိမ်းဆည်ထားနိုင်သော နေရာဖြစ်ပါသည်။
အောက်ဆုံးမှာတော့ Layers Module ရှိပြီး၊ Google Earth မှ ဖန်တီးထားသော Layer များ၊ အချက်အလက်များ၊ ဓါတ်ပုံများကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Layer တွေမှာ နယ်နိမိတ်မျဉ်းများ၊ နေရာများ၊ ဓါတ်ပုံများ၊ လမ်းများ၊ သုံးဖက်မြင်အဆောက်အဦများ၊ သမုဒ္ဒရာ ဆိုင်ရာအချက်အလက်များ၊ ရာသီဥတုဆိုင်ရာ အချက်အလက်များ၊ Gallery များ၊ Global Awareness အစရှိသည်တို့ ကို ပါဝင်မှာဖြစ်ပါတယ်။
Tool Bar
Google Earth Pro Interface ရဲ့ ထိပ်ပိုင်းမှာတော့ Tool bar ရှိမှာဖြစ်ပြီး၊ Placemark များဖန်တီး ခြင်း၊ Polygon များရေးဆွဲခြင်း၊ Image Overlay များ ပြုလုပ်ခြင်း၊ လမ်းကြောင်းများထည့်ခြင်း၊ ခရီးစဉ်များအား မှတ်တမ်းတင်ခြင်း၊ Historical Imageများကြည့်ခြင်း၊ ပုံများထုတ်ခြင်း အတွက် Tool စုံစုံလင်လင် ကို တွေ့ ရှိရမှပဲ ဖြစ်ပါတယ်။
Information Bar
Screen ရဲ့ အောက်ခြေမှာတော့ လက်ရှိ သင့်ကြည့်နေသော၊ သင့် Cursor ချထားသော နေရာ၏ အချက်အလက်များ ဖြစ်တဲ့ လက်တီကျူ့ ၊လောင်တီကျူ့ များ၊ မြေမျက်နှာအနိမ့်အမြင့် တို့ ကို ဖော်ပြထားမည် ဖြစ်ပြီး၊ ညာဖက်ထောင့်က Eye Altitude ကတော့ သင့်လက်ရှိကြည့်နေတဲ့ နေရာမှ အမြင့်ကို ဖော်ပြထားမည် ဖြစ်ပါသည်။
Navigation Bar
Screen ရဲ့ အောက်ခြေမှာတော့ လက်ရှိ သင့်ကြည့်နေသော၊ သင့် Cursor ချထားသော နေရာ၏ အချက်အလက်များ ဖြစ်တဲ့ လက်တီကျူ့ ၊လောင်တီကျူ့ များ၊ မြေမျက်နှာအနိမ့်အမြင့် တို့ ကို ဖော်ပြထားမည် ဖြစ်ပြီး၊ ညာဖက်ထောင့်က Eye Altitude ကတော့ သင့်လက်ရှိကြည့်နေတဲ့ နေရာမှ အမြင့်ကို ဖော်ပြထားမည် ဖြစ်ပါသည်။
Navigation Tips
Google Earth မှာ Navigation ပြုလုပ်ဖို့ Mouse အသုံးပြုခြင်းအပြင် Keyboard အားဖြင့် သော်လည်းကောင်း၊ Touchpad အားဖြင့်သော်လည်းကောင်း၊ Joystick အသုံးပြု၍ သော်လည်းကောင်း နည်းမျိုးစုံရှိပါတယ်။ သင့်အသုံးပြုသော Device အပေါ်မူတည်ပြီး၊ navigation ပြုလုပ်ပုံခြင်း အနည်းငယ် ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ ဒီအောက်က ဇယားမှာတော့ ယေဘူယျ OS နှစ်ခု ဖြစ်တဲ့ mac နှင့် window OS တို့အတွက် အခြေခံ Keyboard Shortcut များ နှင့် Navigational Movement များကို ဖော်ပြထားပါတယ်-
Command |
Window |
Mac |
Result |
ဘေးတိုက်ရွေ့လျားခြင်း |
Left, Right, Up or Down Arrow |
Left, Right, Up or Down Arrow |
မျှား၏ ဦးတည်ရာ အတိုင်း ရွေ့လျားပြီး ကြည့်ရှု့နိုင်သည်။ |
လှည့်လည်ကြည့်ခြင်း (ထောက်ထားသော ပွိုင့်အား ဗဟိုပြုခြင်း) |
Shift + Left, Right, Up or Down Arrow |
Shift + Left, Right, Up or Down Arrow |
ထောက်ထားသော ပွိုင့်ကို ဗဟိုပြု၍ ပတ်ချာလည်လှည့်ခြင်း |
လှည့်လည်ကြည့်ခြင်း (လက်ရှိ view အား ဗဟိုပြုခြင်း) |
Ctrl + Left, Right, Up or Down Arrow |
Command + Left, Right, Up or Down Arrow |
လက်ရှိ view ရောက်ရှိနေသော နေရာမှ ပတ်ချာလည်လှည့်ခြင်း |
ဒေါင်လိုက်တိမ်းစောင်း ခြင်း |
Shift + Up or Down Arrow |
Shift + Up or Down Arrow |
ဒေါင်လိုက်အတိုင်း လှည့်လည်ကြည့်ခြင်း |
မြောက်အရပ် View သို့ ပြန်သွားခြင်း |
N |
N |
Default ဖြစ်သော North Up view သို့ ပြန်သွားခြင်း |
အပေါ်စီးမှ View သို့ ပြန်သွားခြင်း |
U |
U |
Default ဖြစ်သော Top-Down View သို့ ပြန်သွားခြင်း |
Default View သို့ သွားခြင်း |
R |
R |
မူလ Default View သို့ ပြန်သွားခြင်း |
Overview ဖွင့်/ပိတ် |
Ctrl + M |
Shift + Option + Command + M |
Overview Window ကို ဖွင့်/ပိတ် ပြုလုပ်နိုင်ပါသည်။ |
Founder at Sayar Kyaung | Manage my days with Google Workspace | On the mission of developing an LMS.
Sun, 09 Oct 2022
Sun, 09 Oct 2022
Sun, 09 Oct 2022
Write a public review