Published - Sun, 09 Oct 2022
Google ကနေ အခမဲ့ သုံးစွဲခွင့်ပေးထားတဲ့ ဘာသာပေါင်းစုံ ပြန်ဆိုနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်တယ်။ Website Interface နဲ့ရော Mobile Phone တွေ (Android, iOS) တွေအပြင် အခြားသော ဆော့ဝဲလ်တွေအတွက် API အနေနဲ့ အသုံးပြုကျတယ်။ အခု စာရေးတဲ့ အချိန် မှာ ဘာသာစကား ၁၀၃ ခု ကို ပြန်ဆိုနိုင်တယ်။ အသုံးပြုသူ သန်း (၅၀၀) လောက် ရှိတယ်။ တစ်နေ့ ကို စကားလုံးပေါင်း ၁၀၀ ဘီလီယံလောက် ကို ပြန်ဆိုနေတဲ့ ဝန်ဆောင်မှု ဖြစ်တယ်။
ဒီသင်ခန်းစာ က တိုတိုလေးပါ။ ပြီးဆုံးအောင် သင်ကြားပါ။ Google Translate ကို ဆရာကျကျ အသုံးပြုတက်သွားမယ်။ ကဲ စလိုက်ရအောင်
Google Translate က ဘာလုပ်နိုင်လဲ?
ကမ္ဘာ့အကောင်းဆုံး ဘာသာပြန် ဆော့ဝဲလ် ဖြစ်တဲ့ အလျောက် အောက်ပါ တွေကို ဆောင်ရွက်နိုင်တယ်-
Installation ပြုလုပ်ခြင်း
Android ဖုန်းမှာဆို https://play.google.com/store/apps/details?id=com.google.android.apps.translate&hl=en
iOS iPhone မှာဆို
https://apps.apple.com/us/app/google-translate/id414706506
Website Interface နဲ့ဆို
Chrome Extension ထည့်မယ်ဆို
https://chrome.google.com/webstore/detail/google-translate/aapbdbdomjkkjkaonfhkkikfgjllcleb
စတဲ့ Link တွေကို သွားမယ်။ ဖုန်းတွေထဲမှာ Install လုပ်မယ်။ ဒါဆို စသုံးလိုရပြီ။
ဖုန်းထဲက Install လုပ်ထားတဲ့ Google Translate ကို ဖွင့်ပါ။ အောက်ပါအတိုင်း မြင်ရမယ်။
ပြန်ဆိုမည့် ဘာသာသည် ဘယ်ဘက် တွင် ရှိနေမည် ဖြစ်ပြီး ပြန်ဆိုလိုသည့် ဘာသာ သည် ညာဘက် တွင် ရှိမည်။ မြန်မာဘာသာ မှ အင်္ဂလိပ် ဘာသာ သို့ ပြောင်းမည် ဆိုပါက အထက်ပါပုံ အတိုင်း ဖြစ်သည်။ အကယ်၍ သင်က တရုတ်ဘာသာ မှ မြန်မာဘာသာ သို့ ပြောင်းမည် ဆိုပါက
၁။ ယခု Myanmar (Burmese) နေရာကို နှိပ်ပါ။ Chinese ကို ရွေးပါ။
၂။ ယခုပုံ English နေရာကို နှိပ်ပါ။ Myanmar (Burmese) ကို ရွေးပါ။
၃။ Enter text နေရာတွင် တရုတ်စာများ ဥပမာ - 明天十一点见 ကို ထည့်ပါ။ Keyboard က Enter သို့ Go ကို နှိပ်ပါ။
၄။ မြန်မာလို ဘာသာပြန်ပြီး ဖြစ်ပါသည်။
ဘာသာစကား (၅၉) ခု offline ဘာသာပြန်ဆိုလို့ရတယ်။ (မြန်မာဘာသာတော့ Offline မရသေး)
၁။ အထက်ပါပုံ မှ ပြန်ဆိုမည့်ဘာသာ (သို့) ပြန်ဆိုလိုသည့်ဘာသာ ထဲက တစ်နေရာရာ ကို နှိပ်ပါ။
၂။ Offline ပြန်လိုတဲ့ ဘာသာကို ရှာပါ။
၃။ ဘေးတွင်ရှိသော Down Arrow (Download) ကိုတွေ့ပါက ၎င်းဘာသာသည် Offline ပြန်နိုင်သည်။ မတွေ့ပါက Offline ပြန်၍မရ။ အင်တာနက်လိုမည်။
၄။ Offline ဘာသာပြန်ဆိုမည့် ဘာသာ နှင့် ဘာသာပြန်ဆိုလိုသည် ဘာသာ နှစ်ခု စလုံး ကို Download ထားရပါမည်။
၅။ Download လုပ်ပြီးပါက အင်တာနက်ပိတ်ပြီး၊ အထက်က ဘယ်လိုဘာသာပြန်မလဲ ခေါင်းစဉ်ပါ အတိုင်း ဘာသာပြန်ဆိုခြင်းကို လုပ်နိုင်ပြီ။
၁။ Google Translate app ကို ဖွင့်ပါ။
၂။ ပြန်ဆိုမည့်ဘာသာ နှင့် ပြန်ဆိုလိုသည့်ဘာသာ ကို ရွေးချယ်ပါ။ အင်တာနက် ဖွင့်ထားတာ သေချာပါစေ။
၃။ Camera ပုံ ကို နှိပ်ပါ။
၄။ ပြန်ဆိုမည့် စာသားများကို (Scan Tab) တွင် ဓါတ်ပုံရိုက်ပါ။ ပြန်ဆိုမည့် ဘာသာ စာလုံးများကို Google Translate မှ အလိုအလျောက် Scan လုပ်သွားပါလိမ့်မည်။
၅။ Scan ဖတ်ပြီးသော (လေးထောင့်ကွက်လေးထဲ ရောက်နေသော) စာလုံးများ ကို လက်ဖြင့် Highlight လုပ်ပါ။
၆။ ပြန်ဆိုလိုသည့် ဘာသာစကားသို့ ပြောင်းသွားတာ တွေ့ရပါမည်။
၇။ ၎င်းပြန်ဆိုမှု ကို အခြား option များ ထပ်လုပ်ချင်ပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပါ။
၈။ မူလစာမျက်နှာသို့ ပြန်ရောက်မည် ဖြစ်ပြီး အထက်က သင်ခန်းစာအတိုင်း ကြိုက်နှစ်သက်ရာ ပြုလုပ်နိုင်သည်။
၁။ Google Translate ကို ဖွင့်ပါ။
၂။ ပြန်ဆိုမည် ဘာသာ နှင့် ပြန်ဆိုလိုသည့် ဘာသာကို ရွေးပါ။
၃။ Camera ကို ဖွင့်ပါ။ Scan Tab ဘေးရှိ Instant Tab ကို နှိပ်ပါ။ Instant Translate က ဘာသာစကား ၃၈ မျိုးသာ ရပါသေးတယ်။ Instant Translate အတွက် ရရှိနိုင်သော ဘာသာ စကားများ ကို Download အရင် လုပ်ပါ။
၄။ ပြန်ဆိုလိုသည် စာသားများကို Camera ဖြင့် ချိန်ပါ။ ဖုန်းစခရင်ပေါ်တွင် အလိုအလျောက် ဘာသာ ပြန်ဆိုပြီး ဖြစ်နေတာကို တွေရပါမည်။ (note – Instant Translation သည် မြန်မာမှ အင်္ဂလိပ် သို့ ပြန်ဆိုရန် မရရှိနိုင်သေးပါ။)
ဘာသာစကား ၉၃ ခု ကို လက်ရေးနဲ့ ဘာသာပြန်ဆိုနိုင်တယ်။
၁။ Google Translate ကို ဖွင့်ပါ။
၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသော ဘာသာစကားကို ရွေးပါ။
၃။ Handwriting ကို ရွေးပါ။ လက်ရေးဖြင့် ပြန်ဆိုမည့် ဘာသာကို ရေးပါ။
၄။ ထို့နောက် ပြန်ဆိုလိုသည့် ဘာသာသို့ ပြန်ဆိုပြီး ဖြစ်ကြောင်း တွေ့ရပါမည်။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။
စကားအပြန်အလှန်ပြောခြင်းဖြင့် ဘာသာပြန်ဆိုခြင်း
နိုင်ငံခြားသွားရင် သော်လည်းကောင်း ကိုယ်နားမလည်တဲ့ ဘာသာစကား ပြောသူ နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သော်လည်းကောင်း အဆင်ပြေတယ်။
၁။ Google Translate ကို ဖွင့်ပါ။
၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသည် ဘာသာကို ရွေးချယ်ပါ။
၃။ Conversation ကို ရွေးချယ်ပါ။
၄။ ဥပမာအားဖြင့် မြန်မာဘာသာ မှ အင်္ဂလိပ် ဘာသာ သို့ ပြန်ဆိုမည်။ အနီရောင် ဖြစ်နေသော မြန်မာဘာသာ ဖြင့် စကားပြောဆိုရမည် ဖြစ်ပြီး၊ အင်္ဂလိပ်လို ပြန်ဆိုပါလိမ့်မည်။
၅။ အင်္ဂလိပ် မှ မြန်မာသို့ ပြန်ဆိုမည် ဆိုပါက English ကို နှိပ်ပါ။ အနီရောင်သည် English သို့ ပြောင်းသွားမည်။ ထိုအခါ အင်္ဂလိပ်လိုပြောရမည် ဖြစ်ပြီး၊ မြန်မာဘာသာ သို ပြန်ဆိုသွားမည် ဖြစ်သည်။
၆။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။
အသံဖြင့်ဘာသာပြန်ဆိုခြင်း
၁။ Google Translate ကို ဖွင့်ပါ။
၂။ ပြန်ဆိုမည့် ဘာသာ နှင့် ပြန်ဆိုလိုသည် ဘာသာကို ရွေးချယ်ပါ။
၃။ Voice ကို ရွေးချယ်ပါ။
၄။ Mic ပုံကို နှိပ်၍ ဘာသာပြန်လိုသည့် ဘာသာစကား ကို ပြောပါ။
၅။ ပြီးပါက Mic ကို ထပ်နှိပ်ပါ။ ပြောထားသော စကားများကို ဘာသာပြန်ဆိုပြီး ဖြစ်ပါသည်။
၆။ More Option ပြုလုပ်လိုပါက ဘေးရှိ အပြာရောင် မြှားကို နှိပ်ပြီး အထက်ပါ သင်ခန်းစာများအတိုင်း ဆက်လုပ်ပါ။
Document Translation
ဒါကိုတော့ Website Interface မှာပဲ ပြန်လိုရမယ်။ Word, Excel, Power Point, Text file, PDF စတဲ့ ဖိုင်တွေကို Upload လုပ်ပြီး ပြန်လိုရမယ်။
၁။ ကွန်ပြူတာထဲက သို့ ဖုန်းထဲက Browser ကို ဖွင့်ပါ။
၂။ https://translate.google.com/ သို့သွားပါ။ Text translation ကတော့ အထက်ပါ သင်ခန်းစာ နဲ့ တူတူပဲ။ အသုံးပြု လေ့ကျင့်ကြည့်ပါ။
၃။ Document Translation ကို သွားပါ။
၄။ Browse your computer ကို နှိပ်ပါ။ သင့်ကွန်ပြူတာထဲ (သို့) ဖုန်းထဲရှိ .doc, .docx, .odf, .pdf, .ppt, .pptx, .ps, .rtf, .txt, .xls, တစ်ခုခုကို ရွေးပါ။
၅။ Upload လုပ်ပြီး ရွေးချယ်ထားသော ဘာသာပြန်ဆိုလိုသည့် ဘာသာသို့ ဘာသာပြန်ဆိုချက် များ ရရှိမည် ဖြစ်သည်။
Website ကို ဘာသာပြန်ဆိုခြင်း
Chrome Browser ကို သုံးရမယ်။
၁။ https://chrome.google.com/webstore/detail/google translate/aapbdbdomjkkjkaonfhkkikfgjllcleb ကို သွားပါ။
၂။ Google Translate ကို Chrome မှာ Install လုပ်ပါ။
၃။ Chrome Extension မှာ Google Extension ကို Install လုပ်ပြီးပါက အောက်ပါအတိုင်း တွေ့ ရမယ်။
၅။ My primary language မှာ သင်ပြန်ဆိုလိုတဲ့ ဘာသာကိုရွေးပါ။ Website တွင် မည်သည်ဘာသာ နှင့် ဖြစ်စေ သင်ရွေးချယ်ထားတဲ့ ဘာသာကို ပြန်ပေးမှာ ဖြစ်တယ်။ ဒီမှာတော့ မြန်မာဘာသာကို ရွေးချယ်ပြထားတယ်။ Save ကို နှိပ်ပါ။
၆။ မြန်မာဘာသာဖြင့် မဟုတ်သော Website တစ်ခုကို ဖွင့်ပါ။ ဒီမှာတော့ Google Translate Wikipedia ကို ဥပမာအနေနဲ့ သင်ကြားမယ်။ https://en.wikipedia.org/wiki/Google_Translate
သို့သွားပါ။ အောက်ပါအတိုင်း မြင်ရမည်။
၇။ Google Translate Extension ကို နှိပ်ပါ။ Translate This Page ကို နှိပ်ပါ။ အောက်ပါအတိုင်း ဘာသာပြန်ဆိုပြီး ဖြစ်မည်။
၈။ English ကို ပြန်သွားလိုပါက မူရင်းဖောင့် နေရာကို နှိပ်ပါ။
စကားစုတခုကို ဘာသာပြန်ဆိုခြင်း
အကယ်၍ သင်က Website တစ်ခုလုံးမဟုတ်ပဲ စကားစု တစ်ခုကို ပဲ ဘာသာပြန်ဆိုချင်ပါက -
၁။ ၎င်းပြန်ဆိုလိုသော စာကားစု ကို Select လုပ်ပါ။ အနီးအနားတွင် Google Translate Icon ပေါ်လာမည်။ ထို Icon ကို နှိပ်ပါ။ ထို Icon ကိုမတွေ့ပါက Extension ဘားပေါ်ရှိ Google Translate Extension Icon ကို နှိပ်ပါ။
၂။ မြန်မာဘာသာသို့ ပြန်ဆိုပြီး ဖြစ်သည်ကို တွေ့ရမည်။ Zawgyi နှင့် Unicode ကြား နည်းနည်းတော့ တိုင်ပတ်နေဆဲ ဖြစ်သည်။
သို့မဟုတ်
၃။ ထို Select လုပ်ထားသော စာကို Right Click ထောက်၍ Google Translate ကို နှိပ်ပါ။
ကိုယ်ပိုင် Phrasebook တည်ဆောက်ခြင်း
သင် ဘာသာပြန်ဆိုထားသော မည်သည့်စကားလုံးကို မဆို ကိုယ်ပိုင် Phrasebook ထဲ ထည့်ထားနိုင်သည်။ ဘာသာပြန်ဆိုပြီးပါက ဘေးရှိ ကြယ်ပုံကို နှိပ်ပါ။
Favorite List အတွင်း ရှိနေမည် ဖြစ်သည်။ မည်သည်အချိန်တွင် မဆို ပြန်ကြည့်နိုင်ရန် ဖြစ်သည်။
Suggest and edit
ဘာသာပြန်ဆိုချက်များ သည် မှားနေပါက သို့ မပြည့်စုံပါက Website Interface တွင် ဘာသာပြန်ဆိုချက် ပြီးပါက ညာဘက် အောက်တွင် ရှိသော Suggest an edit ဖြင့် ဝင်ရောက်ပြီး Contribute လုပ်နိုင်သည်။
ပြီးပါက SUBMIT ကို နှိပ်ပါ။
Founder at Sayar Kyaung | Manage my days with Google Workspace | On the mission of developing an LMS.
Sun, 09 Oct 2022
Sun, 09 Oct 2022
Sun, 09 Oct 2022
Write a public review