မြန်မာဇာတ်ကောင်လေးတွေကို Adobe Photoshop သုံးပြီးတော့ရေးဆွဲတက်ဖို့ Artwork Canvas တခု ချိန်ညှိတာကစလို့ အရောင်တွေထည့်သွင်းတဲ့အထိ အခြေခံကျကျ သင်ကြားပေးထားတဲ့ သင်တန်းလေးပဲဖြစ်ပါတယ်။
"Tell your story with illustrations"
Lifetime Access Course
Share this course on -
ချစ်စရာကောင်းတဲ့ ကိုယ်ပိုင် ဇာတ်ကောင်လေးတွေ ရေးဆွဲရတာ ပျော်စရာလဲကောင်းသလို၊ ကိုယ့်လက်ရာတွေကို Social Media တွေမှာ မျှဝေလိုက်တဲ့အခါမှာလဲ ဒီပျော်ရွှင်မှုက အခြားသူတွေဆီကို ကူးစက်သွားစေပါတယ်။
ဒီ သင်တန်းကို တက်ရောက်ပြီးသွားတဲ့အခါမှာ-
✅ ချစ်စရာကောင်းတဲ့ မြန်မာဇာတ်ကောင်လေးတွေကို ကိုယ်တိုင်ဖန်တီးတက်လာမယ်။
✅ ကိုယ်ဆွဲတဲ့ ဇာတ်ကောင်လေး အချောသပ်ခါနီးဆို ဘာနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်မှုကိုလဲ ရနိုင်မယ်။
✅ ဒါ့အပြင် အားလပ်ချိန်တွေမှာ Freelence လုပ်ပြီး ဒီလိုမြန်မာဇာတ်ကောင်လေးတွေ ရေးဆွဲပြီးတော့ အပိုဝင်ငွေ တခုကို ရှာဖွေနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိလာနိုင်ပါတယ်။
ဒီသင်တန်းက သင်ခန်းစာတွေကို Adobe Photoshop ကိုသုံးပြီးတော့ သင်ကြားပြသပေးထားတာ ဖြစ်ပါတယ်။ အခြေခံကနေ ကစတင်ပြီး သင်ပြပေးထားတဲ့ သင်တန်းဖြစ်လို့ Photoshop ကို လုံးလုံးမသုံးတက်လဲ ကိစ္စမရှိပါဘူး။ သင်တန်းဆရာက ရေးဆွဲနေတာကို ဘေးကနေ ကြည့်ပြီး လိုက်ရေးဆွဲတဲ့ ပုံစံနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးနဲ့ တက်မြောက်အောင် သင်ကြားပေးထားပါတယ်။ သင်တန်းလေးမှာ ပါဝင်တဲ့ သင်ခန်းစာတွေကတော့ -
(၁) Creating Artwork Canvas
(ဇာတ်ကောင်လေးတွေရေးဆွဲဖို့အတွက် Canvas တခုကို ချိန်ညှိခြင်းက စတင်မှာဖြစ်ပါတယ်)
(၂) Basic Tools to Illustrate
(ပုံဆွဲဖို့အတွက် အခြေခံလိုအပ်တဲ့ Photoshop ရဲ့ Tool တွေနဲ့ အခြေခံ အကြောင်းတရားများကို ရှင်းပြပေးထားပါတယ်)
(၃) Let’s draw out a character
(ခဲတံကိုင်ပြီး ရေးဆွဲသလို ဇာတ်ကောင်လေးတွေကို အကြမ်းရေးဆွဲခြင်းဖြစ်ပါတယ်)
(၄) Detail Sketch
(ဇာတ်ကောင်ကို အချောသပ်လိုင်းတွေနဲ့ ရေးဆွဲခြင်းဖြစ်ပါတယ်)
(၅) Coloring
(အချောသပ်ဇာတ်ကောင်လေးတွေကိုအရောင်တွေထည့်ပြီး နောက်ဆုံးအချောသပ်ခြင်း ဖြစ်ပါတယ်)
ဒီခေတ်ဟာ Visual ခေတ်ဖြစ်သလို Artwork တွေကို တန်ဖိုးထားလာတဲ့ ခေတ်ဖြစ်လာတာမို့ ပုံဆွဲရတာ ဝါသနာပါရင် တက်ကိုတက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုပဲ Enroll Purchase လုပ်၊ သင်တန်းတက်ရောက်ပြီး ကိုယ်ပိုင် ဇာတ်ကောင်လေးတွေကို ဖန်တီးလိုက်ရအောင်ဗျာ။
"Tell your story with illustrations"
Write a public review