ကိုရီယားဘာသာစကားကို အခြေခံပိုင်ပိုင်နိုင်နိုင်တက်မြောက်ချင်သူတွေ၊ EPS အလုပ်ဝင်စာမေးပွဲစတက်ရောက်လိုသူတွေ မဖြစ်မနေ တက်ရောက်သင့်တဲ့ အွန်လိုင်းသင်တန်း ဖြစ်ပါတယ်။
Thaw Thaw Tun ( Smart Korean Language Center )
စာသင်သက်တမ်း (၁၀) နှစ်၊ EPS အလုပ်ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသား/သူ များစွာ မွေးထုတ်ပေးခဲ့ပါသည်။
Lifetime Access Course
Share this course on -
အပြင်မှာ သင်တန်းလာတက်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက် အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေး တက်ရောက်ဖို့ အဆင်ပြေအောင် ဒီ Korean Language Basic Foundation Course လေးကို ဖန်တီးပေးထားပါတယ်။
ကိုရီယားမှ အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေသူတွေ၊ EPS အလုပ်ဝင်စာမေးပွဲ စတက်ရောက်လိုသူတွေ အနေနဲ့ တက်ကိုတက်ထားသင့်တဲ့ သင်တန်းလေးလဲဖြစ်သလို သင်တန်းလေးကို တက်ရောက်ပြီးတဲ့အခါမှာ ကိုရီးယားဘာသာရဲ့ ဗျည်း၊ သရ၊ အသတ်သံ၊ စာဖတ်နည်း၊ မေးဖြေသံ၊ အသံထွက်နည်း စတဲ့ အခြေခံတွေကို ကောင်းစွာရင်းနှီးသွားမှာဖြစ်ပြီး ပိုမိုမြင့်မားတဲ့အဆင့်တွေကို တက်လှမ်းကို အဆင်သင့်ဖြစ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းကို စာသင်သက်တမ်း (၁၀) နှစ်ရှိပြီဖြစ်တဲ့ Smart Korean Language Center မှ ဆရာမ ဒေါ်သော်သော်ထွန်း မှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အပြင်သင်တန်းတက်ရောက်သလို နားလည်လွယ်စေမယ့် အတွေ့အကြုံတခုကို ရရှိမှာဖြစ်သလို၊ ရိုးရှင်းတဲ့ အိမ်စာလေးတွေနဲ့ လေ့ကျင့် သင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်။
သင်တန်းမှာ သင်ကြားပေးတဲ့တဲ့ သင်ခန်းစာတွေကတော့ -
✅ ကိုရီးယားဘာသာအခြေခံတွေဖြစ်တဲ့ ဗျည်း၊ သရ များရေးသားခြင်း၊ မှန်ကန်အောင် အသံထွက်ခြင်း
✅ မူရင်းဗျည်း နှင့် "အ" သံသရ၊ "ယ" သံသရ များပေါင်းခြင်း
✅ ပွားသရ (၁၁) မျိုး
✅ အသတ်သံ (၇) မျိုး
✅ အခြေခံဝေါဟာရများ
✅ စာဖတ်နည်း၊ ဝါကျအသံထွက်နည်း၊ ကိန်းဂဏန်းများ အစရှိတဲ့ အခြေခံကျကျ သင်ခန်းစာတွေနဲ့ ဖွဲ့စည်းထားပါတယ်။
ဘာသာစကား တခုကို တက်မြောက်ထားတာဟာ ဘယ်တော့မှ အရှုံးမရှိတာလဲ ဖြစ်သလို ကိုရီးယားဘာသာဟာ တကမ္ဘာလုံးက သိထားပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေပါ ဖော်ဆောင်ပေးနိုင်တဲ့ ဘာသာလဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို ဘာသာစကားတခုကို ကိုယ့်ကြိုက်နှစ်သက်တဲ့ အချိန်၊ နေရာမှာ စိတ်ကြိုက်ပြင်ဆင်ပြီး လေ့လာသင်ယူနိုင်တာမို့ ဒီအွန်လိုင်းသင်တန်းလေးကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
စာသင်သက်တမ်း (၁၀) နှစ်၊ EPS အလုပ်ဝင်ခွင့်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ ကျောင်းသား/သူ များစွာ မွေးထုတ်ပေးခဲ့ပါသည်။
Korean Language EPS-TOPIKLifetime Course ဖြစ်လို့ သင်တန်းကြေးပေးချေပြီးနောက် တသက်တာ ကြိုက်တဲ့အချိန် ဝင်ရောက် သင်ကြားနိုင်မှာပဲဖြစ်ပါတယ်။ Login Credentials များသာ မှန်ကန်ရန်လိုအပ်ပါသည်။
ယခုသင်တန်းမှာပါဝင်တဲ့ သင်ခန်းစာ တခုချင်းအတွက် အပြင် တွဲဖက်ပြီး လေ့ကျင့်နိုင်မယ့် သင်ခန်းစာများပါ ထည့်သွင်းပေးထားတဲ့ သင်ရိုးစာအုပ် ကို pdf ဖိုင်အဖြစ် ဒေါင်းလုပ်လုပ်နိုင်အောင် သင်တန်းထဲမှာ ထည့်သွင်းပေးထားပါတယ်။
ဒီသင်တန်းတက်ရောက်ပြီးတဲ့နောက်မှာတော့ -
1-Grammar ပိုင်းသင်ယူဖို့လိုအပ်ပါတယ်။
2-EPS course သင်ရိုးစာအုပ်ကို သင်ယူဖို့လိုအပ်ပါတယ်။
အထက်ပါအချက်တွေကိုသင်ယူပြီးမှသာ ကိုရီးယားအလုပ်ဝင်ခွင့်စာမေးပွဲ
(EPS)ကို အောင်မြင်စွာဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
Write a public review